သတ္တမ အကြိမ်မြောက် "တရုတ် လယ်သမားများ သီးထွက်ကောင်း ပွဲတော်" အခါသမယတွင် ရှီကျင့်ဖိန်သည် တစ်ပြည်လုံးမှ လယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမား လုပ်ငန်းဆိုင်ရာ ရဲဘော်များအား နွေးထွေးစွာ နှုတ်ခွန်းဆက်သ

(GMT+08:00)2024-09-22 13:02:54  

   သတ္တမ အကြိမ်မြောက် "တရုတ် လယ်သမားများ သီးထွက်ကောင်း ပွဲတော်" အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ် နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ ကိုယ်စား တစ်ပြည်လုံးမှ လယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမား လုပ်ငန်းဆိုင်ရာ ရဲဘော်များအား နွေးထွေးစွာ နှုတ်ခွန်းဆက်သခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေး ဖော်ဆောင်ရာတွင် လယ်ယာစိုက်ပျိုးရေး အခြေခံများ ခိုင်ခံ့လာအောင် ဆက်တိုက် ဆောင်ရွက်ရမည် ဖြစ်ပြီး ကျေးလက်ဒေသ ဘက်စုံ ရှင်သန်ရေးကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေး ပိုမို အကျိုးဖြစ်ထွန်းလာအောင်၊ လယ်သမားများ ဝင်ငွေ ပိုမို တိုးမြင့်လာအောင်၊ ကျေးလက်ဒေသများ ပိုမို ရှင်သန်လာအောင် အစွမ်းကုန် တွန်းအားပေးရမည် ဖြစ်ပြီး လယ်သမားများအား အကျိုးစီးပွားများကို ထိထိရောက်ရောက် ရရှိစေရမည် ဖြစ်ကြောင်း၊ လယ်သမားများနှင့် အလွှာပေါင်းစုံတို့ အနေဖြင့် သာယာလှပသော ကျေးလက်ဒေသ ဘက်စုံ ရှင်သန်ရေး စီမံကိန်းများကို ဖော်ဆောင်စေရန်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီရေး ဖော်ဆောင်စေရန်နှင့် လယ်ယာစိုက်ပျိုးရေး အားကောင်းသောနိုင်ငံ ဖြစ်စေရန်အတွက် အခြေခံအုတ်မြစ်များ ချပေးရန် တက်တက်ကြွကြွ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။