“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဆော်ဒီအာရေဗျသီးသန့်လှုပ်ရှားမှုကို ရီယက်ဒ်မြို့၌ကျင်းပ

(GMT+08:00)2024-09-22 20:04:09  

“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဆော်ဒီအာရေဗျသီးသန့်လှုပ်ရှားမှုကို ဒေသစံတော်ချိန် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရီယက်ဒ်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။ ယခုအကြိမ် လှုပ်ရှားမှုကို China Media Group (CMG) နှင့် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ဆော်ဒီအာရေဗျနိုင်ငံ သိပ္ပံသုတေသနနှင့် ဗဟုသုတကူးလူးဖလှယ်မှုစင်တာတို့ ပူးတွဲကျင်းပခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ‌ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ CMG ဥက္ကဋ္ဌ Mr. Shen Haixiong က ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်။

Mr. Shen Haixiong က နှစ်ပေါင်းရာထောင်ချီအတွင်းမှာ တရုတ်လူမျိုးများက လှပသောစာရေးစက္ကူများဖြင့် စိတ်နှလုံးထဲတွင် မှတ်တမ်းတင်နေသော ပုံပြင်များ၊ ကြာရှည်သော်လည်း ကောင်းမွန်နေဆဲ သံယောဇဉ်နှင့် ရိုးသားထိမိသော ဆုမွန်ကောင်း တောင်းပေးမှုများကို လက်ဆင့်ကမ်းလျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်ကာလတွင် CMG က “တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တစ်ကမ္ဘာလုံးမှ လက်ရာများပါဝင်ခြင်း လှုပ်ရှားမှုစတင်ခဲ့ကြောင်း၊ နိုင်ငံပေါင်း ၆၀ ကျော်မှ မိတ်ဆွေများတင်ဆက်သည့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ သံယောဇဉ်ပုံပြင်ပေါင်း ၁၆၀၀ ကျော်လည်း “တိမ်လွှာကြားက စာပေလွှာ” နှင့်အတူ ပို့ဆောင်လာကြောင်း၊ မတူညီသော စာပေစကားလုံးများက တူညီသောသံယောဇဉ်ကို လက်ဆင့်ကမ်းပြောကြားနေပြီး ကမ္ဘာ့နိုင်ငံအသီးသီး သံယောဇဉ်နှင့် ယဉ်ကျေးမှုနက်ရှိုင်းစွာ ပေါင်းစပ်မှုကို ကိုယ်စားပြုနေကြောင်း၊ နိုင်ငံအသီးသီးပြည်သူများက ငြိမ်းချမ်းမှုနှင့် သာယာချမ်းမြေ့မှုအပေါ် နှစ်နှစ်ကာကာတောင့်တမှုများ ပါဝင်နေပြီး အရပ်ဘက်ဆက်ဆံရေး သံယောဇဉ်က နိုင်ငံနှင့်အချိန်ကိုကျော်ဖြတ်ထားသည့် နက်ရှိုင်းသော အင်အားကို စုစည်းထားကြောင်း၊ မိမိတို့သည် နိုင်ငံတကာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို မြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ လူမှုယဉ်ကျေးမှု ဆွေးနွေးမှုဖော်ဆောင်ခြင်း၊ ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်မှုကို မြှင့်တင်ခြင်းတို့အား မိမိတာဝန်အဖြစ်သဘောထားကာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းအား ဖော်ဆောင်သည့် လမ်းကြောင်းတွင် အတူလက်တွဲရှေ့သို့ချီတက်ကာ တရုတ်စာမျက်နှာများ အတူရေးသားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။