ဘေကျင်းမြို့၌ ကျင်းပသော ၂၇ကြိမ်မြောက် ဘေကျင်း-ဟောင်ကောင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲနှင့် ဟောင်ကောင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၁ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။ ယခုအကြိမ် နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်မှာ "အားသာချက်များကို အပြန်အလှန် ဖြည့်စွမ်းပြီး သာယာဝပြောရေးကို အတူတကွဖန်တီးခြင်း" ဖြစ်ကာ ငွေရေးကြေးရေး၊ သိပ္ပံနည်းပညာ၊ စီးပွားကုန်သွယ်ရေးနှင့် ပို့ဆောင်ရေး၊ ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှု၊ စားသုံးမှု၊ ယဉ်ကျေးမှု ခရီးသွား လုပ်ငန်း စသည့် အဓိကကျသော လုပ်ငန်းကဏ္ဍများကို အာရုံစိုက် ကာ မူဝါဒ ဖြန့်ခြင်း၊ ပတ်ဝန်းကျင် မိတ်ဆက်ပေးခြင်း၊ နှီးနှောဖလှယ်ခြင်းနှင့် လေ့လာကြည့်ရှုခြင်း စသည့်နည်းလမ်းဖြင့် ဒေသနှစ်ခုကြား အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေး ပါသည်။
ဘေကျင်း-ဟောင်ကောင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ ပြီးဆုံး
(GMT+08:00)2024-09-22 13:05:45