ရှီကျင့်ဖိန် သည် မလေးရှားနိုင်ငံ ထိပ်သီးခေါင်းဆောင် Ibrahimနှင့် တွေ့ဆုံ

(GMT+08:00)2024-09-21 13:57:02  

ယခုလ ၂၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမ ဆောင်ကြီး ၌ တရုတ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်လာသော မလေးရှားနိုင်ငံ ထိပ်သီး ခေါင်းဆောင်  brahim နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှီကျင့်ဖိန်က  ယခုနှစ်သည် တရုတ်-မလေးရှား သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သောနှစ် ၅၀ ပြည့် မြောက် နှစ်နှင့် "တရုတ်-မလေးရှား ချစ်ကြည်ရေးနှစ်" ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်နေပြီး အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို တွန်းအားပေးနေကာ ယင်းသည် တရုတ်-မလေးရှား ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားသစ်နှင့် အခွင့်အလမ်းသစ်များ ဆောင် ကြဉ်း ပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မလေးရှားနှင့်အတူ အစဉ်အလာကောင်းများကို ဆက်ခံပြီး ထွန်းကားအောင် ဆောင်ရွက်ကာ ခေတ်မီတိုးတက်ရေး လမ်းစဉ်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ရန်နှင့် တရုတ်-မလေးရှား ကံကြမ္မာအသိုက်အဝန်းတည်ဆောက်ခြင်း အခန်းကဏ္ဍသစ်သို့ ဆက်လက် ချီတက်သွားရန် တွန်းအား ပေးလိုကြောင်း ပြောကြားခဲ့သည်။

Ibrahim က မလေးရှားနိုင်ငံ၏ထိပ်သီးခေါင်းဆောင်အဖြစ် တရုတ်နိုင်ငံတွင် ပထမဆုံး အကြိမ် တရားဝင် ခရီးလှည့်လည်ခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်း၊ မလေးရှားနိုင်ငံသည် "Belt and Road" အတူ တည်ဆောက်ရေး အဆိုပြုချက်မှ များစွာအကျိုးဖြစ်ထွန်းခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ"Belt and Road" ကို လက်တွဲ တည် ဆောက်ပြီး စီးပွားကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့်နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ မလေးရှား-တရုတ် ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိအောင် တွန်းအားပေးလိုကြောင်း ပြောကြား ခဲ့သည်။