တရုတ်ကွန်မြူနစ်ပါတီ ဗဟိုပါတီ သင်ကျောင်း ရှင်းကျန်း ဝေဂါ ကိုယ်ပိုင် အုပ်ချုပ် ရေး ဒေသ တိုင်းရင်းသား ကေဒါများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည့် နှစ် ၇၀ ပြည့် မြောက်ခြင်း အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်း ရေးမှူး၊ တရုတ် နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီးသည့် ညွှန်ကြား ချက်ကို ထုတ်ပြန်ခဲ့ပါသည်။
ရှီကျင့်ဖိန်က ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တိုင်းရင်းသား ကေဒါများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို ခရီးစဉ်သစ်၏ စမှတ်သစ် အဖြစ် ထားပြီး ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တိုင်းရင်းသား ကေဒါများ မွမ်းမံ သင်တန်းကို အရည်အသွေး ပိုမြင့်အောင် ၊ အကျိုးသက်ရောက်မှု ပိုရှိအောင် ပြုလုပ်ရမည် ဖြစ်ကာ ရှင်းကျန်းအတွက် ပိုမို များပြားသော သစ္စာရှိသည့် လုပ်နည်းလုပ်ဟန် သန့်စင်သည့် တာဝန် ကျေပွန်စွာ ထမ်းဆောင်တတ်သည့် အရည်အချင်းမြင့် ကေဒါများကို မွေးထုတ်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ပါတီသင်ကျောင်း ရှင်းကျန်း ဝေဂါ ကိုယ်ပိုင် အုပ်ချုပ် ရေးဒေသ တိုင်းရင်းသား ကေဒါများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည့် နှစ် ၇၀ ပြည့် မြောက် ခြင်း ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က ဘေကျင်း၌ ကျင်းပ ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။