“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် နိုင်ဂျီးရီးယား သီးသန့်လှုပ်ရှားမှုကို ကျင်းပ

(GMT+08:00)2024-09-21 13:53:10  

China Media Group က ဦးစီးကျင်းပသည့် “တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် နိုင်ဂျီးရီးယား သီးသန့်လှုပ်ရှားမှုကို ဒေသစံတော်ချိန် စက်တင်ဘာလ ၁၇ ရက်နေ့တွင် Abuja မြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ ဂါနာ၊ ဆီရာလီယွန်၊ တောင်ဆူဒန်စသည့် နိုင်ငံများမှ အစိုးရအရာရှိများ၊ မီဒီယာတာဝန်ရှိသူများနှင့် ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ရာနီးပါး တက်ရောက်ခဲ့ကြသည်။

ရှင့်ဟိုင်ရှုံက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ကျရောက်လာမယ့် အချိန်မှာ China Media Group က ကျင်းပသည့် “တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ မိတ်ဆွေများ၏ တရုတ်နှင့်ရေစက်ပုံပြင်များကို ရေးထားသည့် “တိမ်လွှာကြား စာပေလွှာ” ၁၆၀၀ ကျော် ရရှိခဲ့ကြောင်း၊ မိမိတို့သည် နိုင်ငံတကာလူမှု ယဉ်ကျေးမှုဖလှယ်မှုများ အားကောင်းလာရေး၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုဆွေးနွေးမှုများ တွန်းအားပေးရေးတို့ကို မိမိတို့၏ တာဝန်အဖြစ် ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ပရိသတ်များအတွက် မျှဝေခံစားနိုင်သော အလှတရားများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။