စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး လုပ်ငန်းအဖွဲ့သည် ဘေကျင်း၌ ပဉ္စမအကြိမ် အစည်းအဝေး ကို ကျင်းပခဲ့ရာ တရုတ် ဘဏ္ဍာရေးဝန်ကြီး Lan Fo’an နှင့် အမေရိကန်ဘက်တို့သည် နှုတ်ခွန်းဆက်စကား ပြောကြားပြီး အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြသည်။
ယခုအကြိမ် အစည်းအဝေးကို တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး Liao Min နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး Jay Shambaugh တို့က ပူးတွဲ ဦးစီးကျင်းပပြီး နှစ်နိုင်ငံ စီးပွားရေးနယ်ပယ်မှ သက်ဆိုင်ရာဌာနများ အစည်းအဝေးတွင် ပါဝင် ဆွေးနွေး ခဲ့ကြသည်။ တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့သည် ဆန်ဖရန်စစ္စကို ဆွေးနွေးပွဲနှင့် ကွမ်ကျိုး ဆွေးနွေးပွဲများတွင် နှစ်ဖက်ခေါင်းဆောင်များ၏ သဘောတူညီမှုများကို လိုက်နာပြီး နှစ်နိုင် ငံ၏ မက်ခရို စီးပွားရေး အခြေအနေနှင့် ပေါ်လစီများ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ် မှုများ ၊ နှစ်ဖက်တို့ အာရုံစိုက်ကြသော အကြောင်းအရာများ နှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖြင့် အပြုသဘောဆောင်သော ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြပါသည်။ တရုတ်ဘက်သည် အမေရိကန်၏ တရုတ်နိုင်ငံအပေါ် ထပ်တိုး အခွန်စည်းကြပ်မှုများ၊ တရုတ်အပေါ် ရင်းနှီး မြှုပ် နှံမှု ကန့်သတ်ချက်များ၊ ရုရှားဆိုင်ရာ အရေးယူမှုများ၊ တရုတ်ကုမ္ပဏီများအပေါ် ဖိနှိပ် မှုများနှင့် အကျိုးစီးပွား ထိခိုက်မှုများ စသည်တို့နှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြတ်ပြတ် သားသား ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးတို့သည် ဆက်လက် ကူးလူး ဖလှယ်မှုများ ပြုလုပ်ရန် သဘော တူခဲ့ကြပါသည်။