လက်ဘနွန်-အစ္စရေး အခြေအနေ ပိုမိုဆိုးရွားသွားနိုင်မည်ကို တရုတ်က အလွန် စိုးရိမ်နေ

(GMT+08:00)2024-09-21 13:47:51  

စက်တင်ဘာလ ၂၀ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လက်ဘနွန်-အစ္စရေး အခြေအနေ အရေးပေါ်  ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Fu Cong က  တရုတ်နိုင်ငံသည် လက်ဘနွန်-အစ္စရေး အခြေအနေ ပိုမိုဆိုးရွားသွားနိုင်မည်ကို အလွန် စိုးရိမ်မိကြောင်း ပြောကြားပြီး ဘက်အသီးသီး အားလုံးတို့ အနေနှင့် ကိုယ့်ကိုယ်ကို တတ်နိုင်သမျှ ထိန်းချုပ်ရန် ပန်ကြားခဲ့ပါသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေ ဖြင့်  လက်ဘနွန်-အစ္စရေး အခြေအနေ ဖြေလျှော့ရန်နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက်  လိုအပ်သမျှ လုပ်ဆောင်မှုများကို ပြုလုပ်ရန် နှင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း Fu Cong က ပြောကြားခဲ့သည်။