ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ထူထောင်ခြင်း ၇၅နှစ် ပြည့် အထိမ်းအမှတ် ညီလာခံတွင် မိန့်ခွန်းပြောကြား

(GMT+08:00)2024-09-21 13:50:45  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီသည် စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ထူထောင်ခြင်း ၇၅နှစ် ပြည့် အထိမ်းအမှတ် ညီလာခံကို ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီးသော မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က မိမိတို့သည် မိမိ၏ လမ်းကြောင်း၊ သီအိုရီ၊ စနစ်နှင့် ယဉ်ကျေးမှုတို့အပေါ် ပိုမိုယုံကြည်မှုရှိပြီး ဖြစ်စဉ်တစ်ရပ်လုံး  ပြည်သူ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်စဉ်တွင် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ထင်ရှားသော နိုင်ငံရေးအားသာချက်များကို အပြည့်အဝ ဖော်ဆောင်ကာ ရှင်သန်သော၊ တည်ငြိမ်ပြီး စည်းလုံးညီညွတ်သော နိုင်ငံရေး အခြေအနေကို ဆက်တိုက် အားကောင်း ဖွံ့ဖြိုးလာရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။