“ကုလသမဂ္ဂ အနာဂတ်ထိပ်သီးအစည်းအဝေးနှင့် ၇၉ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်း”ကို ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ တရုတ်က ရှင်းလင်းဖော်ပြ

(GMT+08:00)2024-09-20 15:05:20  

စက်တင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော “ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေးနှင့် ၇၉ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် ရန် တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်း”နှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် လင်ကျန့်က ယင်းစာတမ်းတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးအာမခံပေးရေး၊ ယဉ်ကျေးမှုကူးလူး ဖလှယ်ရေး၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေး၊ တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် အဆိုပြုချက်များကို ဘက်စုံ ရှင်းလင်းဖော်ပြထားကြောင်း၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံး လုံခြုံရေး ကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံး ယဉ်ကျေးမှု ကမ်းလှမ်းချက်ကို အတူ အကောင်အထည်ဖော်ကြပြီး လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန် နိုင်ငံတကာမိသားစုကြီးအား ပန်ကြားကြောင်း ပြောကြားခဲ့ပါသည်။