လုံခြုံရေးအတူတကွတည်ဆောက်ခြင်း - ကမ္ဘာ့အမြင်ရှုထောင့်ထဲက တရုတ်နိုင်ငံ၏တာဝန်ယူမှု

(GMT+08:00)2024-09-20 11:13:06  

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရေစီးကြောင်းထဲမှာ လုံခြုံရေးအဆိုပြုချက်ဟာ ကမ္ဘာ အရပ်ရပ်က လူတိုင်းနဲ့သက်ဆိုင်နေပြီး လူသားဘုံကံကြမ္မာအသိုက်အဝန်းကို တည်ဆောက် နေကြပါတယ်။ ရှုပ်ထွေးလှတဲ့စိန်ခေါ်မှုကို ရင်ဆိုင်ရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဟာ အရေးပေါ်တာဝန်တစ်ရပ်ဖြစ်ပါတယ်။ မကြာသေးမီရက်ပိုင်းက ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (လျန်ယွင်ဆိပ်ကမ်း) ၂၀၂၄ ခုနှစ်အစည်းအဝေးကို ကျင်းပခဲ့ပါ တယ်။ နိုင်ငံဒေသပေါင်း ၁၂၂ ခုအပြင် နိုင်ငံတကာအဖွဲ့အစည်းများက ထူးချွန်းထက်မြက် သော ကိုယ်စားလှယ်နဲ့ပညာရှင်များ စုဝေးပြီး “ပြောင်းလဲလာသော အခြေအနေများတွင် နှစ်ဖက်အကျိုးရှိရေးပူးပေါင်းဆောင်ရွက်မှု” ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အခြေအနေသစ် များထဲမှာ တရုတ်နိုင်ငံရဲ့ “ကမ္ဘာလုံးဆိုင်ရာ အများပြည်သူလုံခြုံရေးဘုံကံကြမ္မာအသိုက် အဝန်း” တည်ဆောက်မှုမှာ ထုတ်ဖော်ြပသခဲ့သော တာဝန်ယူမှုနဲ့ ဆောင်ရွက်ပေးဆပ်မှုများ ကို ဝေဖန်ချက်ကောင်းများ ပေးသွားခဲ့ပါတယ်။

နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ဥက္ကဋ္ဌ Ahmed Naser AI Raisi က တရုတ်နိုင်ငံဟာ နှစ်ပေါင်းများစွာ တိုင်အောင် နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့အရေးပါသော အဖွဲ့ဝင်ဖြစ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတို့ကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ဆင်းရဲ ဒုက္ခခံပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်လုံခြုံရေးကို ဆောင်ရွက်ပေးနေတဲ့ ရဲအရာရှိပေါင်း ၂ သန်းရှိပါတယ်။ တရုတ်နိုင်ငံက ပြည်တွင်းပြည်ပများမှာ အရေးပါသော အခန်းကဏ္ဍများက ပါဝင်ခဲ့ပြီး နိုင်ငံတကာရဲတပ်ဖွဲ့မှ ကတိပြုထားသော တာဝန်ဝတ္တရားအတိုင်း ကမ္ဘာကြီးကို ပိုမိုလုံခြုံမှုရှိလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဆော်လမွန်ကျွန်းစုအစိုးရရဲတပ်ဖွဲ့၊ အမျိုးသားလုံခြုံရေးနှင့်ကြပ်မတ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး Jimson Tanangada က အများပြည်သူလုံခြုံရေးအကြောင်း ဆွေးနွေးရာမှာ တရုတ် နိုင်ငံရဲ့ဦးစီးဦးရွက်လုပ်ဆောင်မှုတို့ကို ကျွန်တော်တို့ အထူးကျေးဇူးတင်ရှိပါတယ်။ အထူး သဖြင့် သဘာဝဘေးအန္တရာယ်နဲ့အများပြည်သူသန့်ရှင်းရေးစိန်ခေါ်မှုများက အားပေးမှုတွေ ပါလို့ ပြောသွားခဲ့ပါတယ်။

အီသီယိုးပီးယားဖဒရယ်ရဲဌာနချုပ် ညွှန်ကြားရေးမှူးချုပ် Demelash Weldeyes ကတော့ အရှေ့အာဖရိကရဲချုပ် ကြီးမှူးတဲ့အဖွဲ့ဝင်များအားလုံးနဲ့ လက်ရှိဥက္ကဋ္ဌတို့က ယခုဖိုရမ်ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံအဆိုပြုထားတဲ့ အပြန်အလှန်လေးစားမှုပေးခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းရေးကို အခြေခံထားသော “တစ်ခုတည်းသောကမ္ဘာ ဘုံလုံခြုံရေး” အယူအဆကို အပြည့်အဝအားပေးသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံးဌာန အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာရုံး ညွှန်ကြားရေးမှူး Masood Karimipour က တရုတ်နိုင်ငံဟာ အရှေ့အာရှနဲ့ အရှေ့ တောင်အာရှနိုင်ငံများဖြင့် ပူးပေါင်းပြီး ရာဇဝတ်မှုနှိမ်နင်းရာမှာ အထူးကြိုးစားဆောင်ရွက် ပေးခဲ့သလို မူးယစ်ဆေးဝါး ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ရောင်းဝယ်ဖောက်ကားရေးတို့ကို အထူးကာကွယ်တားမြစ်ခဲ့ပါတယ်လို့ ပြောသွားခဲ့ပါတယ်။