စက်တင်ဘာလ ၁၈ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကော်စီ အာဖဂန် ပြဿနာဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် Fu Cong က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာမိသားစုကြီးအနေနှင့် အာဖဂန်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေး နာလန် ပြန်ထူရေးကို ထောက်ခံပြီး အာဖဂန်နိုင်ငံ၌ မတည်မငြိမ်ဖြစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်မှု မရှိသည့် အရင်းခံတွေကို ပပျောက်စေရန် တရုတ်နိုင်ငံသည် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။
Fu Cong က ရိုးရာအလှူရှင်များသည် ကယ်ဆယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ တိုးမြှင့်သင့်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုကို နိုင်ငံရေး ဖိအားပေးရန်အတွက် အလျှော့အတင်းလုပ်သည့် ချပ်ပြားအဖြစ် အသုံးမပြု သင့်ကြောင်း၊ ပြည်ပရှိ အာဖဂန်နိုင်ငံ၏ အရင်းငွေများသည် အာဖဂန်ပြည်သူများ၏ “အသက် ကယ်ငွေ” ဖြစ်ပြီး အမေရိကန်နိုင်ငံသည် အာဖဂန်အာဏာပိုင်အား ခြွင်းချက်မရှိ အပြည့်အဝ ပြန်ပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။