ဖိလစ်ပိုင်တွင် အမေရိကန်က တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို ဆန့်ကျင် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-09-20 15:04:39  

   စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်နိုင်ငံမှ တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်ချထားမှုနှင့် ပတ်သက်ပြီး  သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ပါသည်။

   လင်ကျန့်က ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်နိုင်ငံမှ တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို တရုတ်နိုင်ငံမှ ကြိမ်ဖန်များစွာ ဆန့်ကျင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ လုပ်ရပ်များသည် သမိုင်းကြောင်းကို ဆိုးရွားစွာ နောက်ပြန်ဆွဲနေပြီး ဒေသတွင်းနိုင်ငံများ၏ လုံခြုံမှုများကို ဆိုးရွားစွာ ခြိမ်းခြောက်ကာ စစ်ရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများကို ဆိုးရွားစွာ ပြင်းထန်လာစေ၍ ဒေသတွင်း နိုင်ငံများအား စိုးရိမ်မှုတွေ မြှင့်တက်စေခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။