စက်တင်ဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးကျင်းပပြီး China Media Group နှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူးပေါင်း စီစဉ် တင်ဆက်သည့် "၂၀၂၄ ခုနှစ် တရုတ် ပုံရိပ် ရုပ်ရှင် သီတင်းပတ်" ကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်သံရုံးမှ သံမှူးကြီး ကျင့်ကြည့်ဟုန်၊ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ တို့သည် ဖွင့်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားခဲ့ကြပါသည်။ မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ပညာရေး၊ မီဒီယာဆိုင်ရာ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရှိ တရုတ်အနွယ်ဘွား ကိုယ်စားလှယ်များ စုစုပေါင်း လူ ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ကြပါသည်။
"၂၀၂၄ ခုနှစ် တရုတ် ပုံရိပ် ရုပ်ရှင် သီတင်းပတ်" ရန်ကုန်မြို့၌ စတင်
(GMT+08:00)2024-09-20 19:33:05