အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် သည် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အီဂျစ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ၄င်းခရီးစဉ်မှာ ၂၀၂၃ခုနှစ် အောက်တိုဘာလက အသစ်တစ်ကြိမ် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု ဖြစ်ပွားပြီးနောက် အန်တိုနီဘလင်ကန် ၏ ၁၀ကြိမ်မြောက် အရှေ့အလယ်ပိုင်း ခရီးစဉ် ဖြစ်ပြီး အစ္စရေးကို အရှေ့အလယ်ပိုင်း ခရီးစဉ်မှ ဖယ်ထုတ်လိုက်သည့် ပထမဆုံးအကြိမ် လည်း ဖြစ်ပါသည်။ ဝေဖန်သုံးသပ်သူများက လက်ဘနွန် နိုင်ငံတွင် ဆက်သွယ်ရေးစက်များ ပေါက်ကွဲမှု ဖြစ်ပွားပြီး အရှေ့အလယ်ပိုင်းဒေသတွင် အခြေအနေဆက်တိုက် တင်းမာ နေတဲ့ အချိန် အန်တိုနီဘလင်ကန် ရောက်ရှိလာသည့် ရည်ရွယ်ချက်မှာ ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အီဂျစ်နိုင်ငံ၏ အားပေးထောက်ခံမှုကို ရရှိရန်ပင် ဖြစ်သော်လည်း မူလခန့်မှန်းထားသည့် ရလဒ်များကို မရရှိ ခဲ့ ကြောင်း ပြောကြား ခဲ့ကြပါသည်။
အန်တိုနီဘလင်ကန် ၏ ၁၀ကြိမ်မြောက် အရှေ့အလယ်ပိုင်း ခရီးစဉ်တွင် မူလ ခန့်မှန်း ထားသည့် ရလဒ်များကို မရရှိခဲ့
(GMT+08:00)2024-09-20 15:01:52