လက်ဘနွန်နိုင်ငံ ရှိ နေရာများစွာ၌ ပေဂျာပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်နောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက လက်ဘနွန်နိုင်ငံ နေရာများစွာတွင် Walkie Talkie နှင့် အခြားဆက်သွယ်ရေးစက်များ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ လက်ဘနွန် ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းအရ စက်တင်ဘာလ ၁၈ ရက်နေ့က ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀ ထက်မနည်းသေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။