သက်ဆိုင်ရာဘက်အသီးသီးတို့အနေဖြင့် ဂါဇာဒေသတွင် စစ်ရေးဆောင်ရွက်မှုများကို ချက်ချင်း ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-09-20 15:04:01  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၈ ရက်နေ့က ၁၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အထူးအရေးပေါ်အစည်းအဝေးတွင် ထောက်ခံမဲ ၁၂၄ မဲ၊ ကန့်ကွက်မဲ ၁၄ မဲနှင့် ကြားနေမဲ ၄၃ မဲ တို့ ဖြင့် အစ္စရေးနိုင်ငံအား ပါလက်စတိုင်းပိုင်နက်နယ်မြေများအား တရားမဝင် သိမ်းပိုက်ထားမှု ကို ၁၂ လ အတွင်း အဆုံးသတ်ရန် တောင်းဆိုခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို  အတည်ပြုခဲ့ ပါသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပါလက်စတိုင်းပိုင်နက်နယ်မြေများကို သိမ်းပိုက်ထားသည့်  အစ္စရေးနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက်မူကြမ်းအား ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအရေးပေါ် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းကို တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုပြီး တန်ဖိုးထား ချီးကျူးကြောင်း၊ ယင်းဆုံးဖြတ်ချက်မူကြမ်းကို တရုတ်ပြည်က ထောက်ခံပြီး ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။