မကြာသေးမီက တရုတ်-ဂျပန်နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများသည် ဖူကူရှီးမား အမှတ်၁- နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နျူကလီးယားညစ်ညမ်းရေ ပင် လယ်ထဲသို့စွန့်ပစ်ရေးပြဿနာနှင့် ပတ်သက်ပြီး ကြိမ်ဖန်များစွာ ဆွေးနွေးပြီးနောက် အောက် ပါ သဘောတူညီမှုများကို ရရှိခဲ့ကြပါသည်။
၁၊ ဂျပန်နိုင်ငံသည် နိုင်ငံတကာဥပဒေအရ ၄င်း၏တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်မည် ဖြစ်ပြီး လူနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကို တတ်နိုင်သမျှရှောင်ရှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပြီး အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်အပေါ် ထိခိုက်မှုဆိုင်ရာ အကဲဖြတ်မှုများကို ဆက်တိုက် ပြုလုပ်မည်
၂၊ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများအခြေခံအပေါ် ဂျပန်နိုင်ငံသည် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ မူဘောင်အောက်တွင် နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရေးဆိုင်ရာ သော့ချက်ကျသောအစီအစဉ်များ လွှမ်းခြုံ နိုင်သော ရေရှည်နိုင်ငံတကာကြီးကြပ်ရေးအစီအစဉ်ကို ထူထောင်ရန် ကြိုဆိုသည့်အပြင် တရုတ်နိုင်ငံ အပါအဝင်သက်ဆိုင်ရာနိုင်ငံများသည် ၄င်းထဲတွင် ထိရောက်စွာ ပါဝင်နိုင်ရန်၊ လွတ်လပ်စွာ နမူနာယူပြီး ကြီးကြပ်နိုင်ရန်၊ စမ်းသပ်ခန်းတွင် ခွဲစိတ်အကဲဖြတ်နိုင်ရန်လည်း အာမခံပေးမည်
၃၊ ဂေဟပတ်ဝန်းကျင်နှင့် ပြည်သူလူထု၏ ကျန်းမာရေးကို တာဝန်ယူတတ်သော သဘောထားဖြင့် သိပ္ပံနည်းပညာကို အခြေခံပြီး အပြုသဘောဆောင်သော ဆွေးနွေးမှု များကို ဆက်တိုက်ပြုလုပ်ပြီး နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရေးဆိုင်ရာ စိုးရိမ် ပူပန်မှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန် နှစ်ဦးနှစ်ဖက် သဘော တူညီမှုများ ရှရှိခဲ့ကြခြင်း
၄၊ တရုတ်သက်ဆိုင်ရာစည်းမျဉ်းဥပဒေနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သက်ဆိုင်ရာ သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များအပေါ် အရေးပေါ် ကြိုတင်ကာကွယ်ရေး ယာယီအစီအမံများကို ဆောင်ရွက်ခဲ့သည်ဟု တရုတ်နိုင်ငံ က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ မူဘောင် အောက်တွင် ရေရှည်နိုင်ငံတကာကြီးကြပ်ရေးအစီအစဉ်တွင် ထိရောက် စွာ ပါဝင် ပြီး လွတ်လပ်စွာ နမူနာယူခြင်းစသည့် ကြီးကြပ်ရေးအစီအစဉ်များ ပြုလုပ်ပြီးနောက် သိပ္ပံ နည်းပညာ သက်သေအထောက်အထားအခြေခံပေါ်တွင် သက်ဆိုင်ရာ ဆောင်ရွက် ချက် များ ကို ထိန်းညှိပြီး စံနှုန်းနှင့် ကိုက်ညီသော ဂျပန်ရေထွက်ကုန်များ၏ တင်သွင်းမှုကို တဖြည်း ဖြည်း ပုံမှန်ပြန်ဖြစ်စေမည် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။