
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးလှုပ်ရှားမှု များသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ပြင်းထန်စွာ ချိုးဖောက်ပြီး ဂါဇာဒေသရှိ ကလေးသူငယ်များအား ဆိုးရွားစွာ ထိခိုက်ကြောင်းကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက ဒေသစံတော်ချိန် စက်တင်ဘာလ ၁၉ ရက်နေ့က ဖော်ပြခဲ့ပါသည်။ မကြာမီက ကုလသမဂ္ဂမှ အတည်ပြုထုတ်ပြန်ခဲ့သော ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်တွင် ကလေးသူငယ် အခွင့်အရေးများ ထိခိုက်သော အမျိုးအစား စုစုပေါင်း ၆ ခုကို ချမှတ်ဖော်ပြခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးလှုပ်ရှားမှုများသည် ၎င်းတို့ထဲမှ ၃ ခုကို ချိုးဖောက်ခဲ့ပြီးဖြစ်ပါသည်။








