C919လေယာဉ်သည် လာဆာသို့ ပျံသန်းရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံထုတ် စီးပွားဖြစ်လေယာဉ် များသည် ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်ဒေသ၌ စုစည်းကြ

(GMT+08:00)2024-09-19 14:50:46  

စက်တင်ဘာလ ၁၉ရက်နေ့တွင် တရုတ် စီးပွားဖြစ်လေယာဉ်ကုမ္ပဏီမှ C919လေယာဉ် တစ်စင်းသည် စီချွမ်းပြည်နယ် ချိန်တူးမြို့ Shuangliuအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် ပျံသန်းပြီး ၂နာရီ ၈မိနစ်ကြာပြီးနောက် ရှီးဇန့်(တိဘက်)ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လာဆာမြို့ Konka အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ပါသည်။ ယင်းသည် C919လေယာဉ် လာဆာမြို့သို့ ပထမဆုံးအကြိမ် ပျံသန်းရောက်ရှိခြင်းဖြစ်ပြီး ပျံသန်းမှုပြသနေသော ARJ21လေယာဉ်နှင့်အတူ ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်ဒေသ၌ စုစည်းကြပါသည်။

လာဆာမြို့ Konka အပြည်ပြည်ဆိုင်ရာလေဆိပ်သည် Yarlung Zangboမြစ် ချိုင့်ဝှမ်း၌ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၆၉မီတာ မြင့်ရာ၌ရှိကာ အနီးတဝိုက် တောင်ထိပ်များပြား၍ ရာသီဥတုပတ်ဝန်းကျင်ရှုပ်ထွေးသောကြောင့် ကုန်းပြင်မြင့်ဒေသမှာ လေယာဉ်ပျံသန်းနိုင်မှု အတွက် လိုအပ်ချက် များစွာရှိပါသည်။