"China Travel" သည် ဆက်တိုက်ရေပန်းစားနေ

(GMT+08:00)2024-09-19 14:47:22  

တရုတ်ခရီးသွားလာရေးသုတေသနဌာနမှ ထုတ်ပြန်သည့် "နိုင်ငံခြားမှ တရုတ်နိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ"တွင် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားမှ တရုတ်နိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားလုပ်ငန်းသည်  ဆက်တိုက် ရှင်သန် လာနေကြောင်း ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ခရီးသွားအရင်းအမြစ်များနှင့် ရိုးရာယဉ်ကျေးမှုများသည် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပါသည်။

၂၀၂၄ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ ပြည်လုံးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးခဲ့သော တရုတ်ပြည်မကြီးသို့ ဝင်ထွက်သွားလာသော တရုတ်ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့မှ လူများနှင့် နိုင်ငံခြားသား ဦးရေ စုစုပေါင်းပမာဏသည် ၂၀၁၉ ခုနှစ် အလားတူကာလ၏ ၉၂ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ တရုတ်နိုင်ငံပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေ ၁၄၆.၃၅ သိန်းရှိပြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားခရီးသည်ဦးရေ သည် ကနဦးခန့်မှန်းချက်အရ  ၁၁ သန်းခန့်ရှိပါသည်။