ဒေသစံတော်ချိန် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် အစ္စရေးနိုင်ငံရှိ ထောင်နှင့်ချီသောလူများသည် ၎င်းတို့၏မိုဘိုင်းလ်ဖုန်းများတွင် "အရေးပေါ်သတိပေးချက်" ဟူသော မှားယွင်းသောစာသားမက်ဆေ့ချ်များကို လက်ခံရရှိခဲ့ပြီး "သင်သည် ဘေးကင်းရာသို့ ချက်ချင်းသွားရမည်" ဆိုသည့် ဟေဗြဲဘာသာဖြင့် သတိပေးချက်ပါရှိသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ အစ္စရေးစစ်တပ်သည် လုံခြုံရေးသတိပေးချက် တစုံတစ်ခု မပေးပို့ထားသလို နိုင်ငံတွင်း လုံခြုံရေး အရေးပေါ်အခြေအနေလည်း မရှိသလို အများပြည်သူအတွက် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း အပြောင်းအလဲမရှိကြောင်း သိရသည်။
အခြားအစ္စရေးမီဒီယာများကမူ ယင်းသည် သက်ဆိုင်ရာနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းများက အစ္စရေးကိုရည်ညွှန်းသော စိတ်ပိုင်းဆိုင်ရာစစ်ပွဲဆင်နွှဲရန် မဟာဗျူဟာတစ်ရပ်ဖြစ်ပြီး လူအများကြားထိတ်လန့်စေရန် ကြံစည်သည်ဟု ရေးသားဖော်ပြထားပါသည်။