ဒေသစံတော်ချိန် စက်တင်ဘာလ ၁၈ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပါလက်စတိုင်း-အစ္စရေး အရေးဆွေးနွေးရန် ၁၀ ကြိမ်မြောက်အရေးပေါ်အစည်းအဝေးတွင် အစ္စရေးမှ သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေကိစ္စရပ်များအပေါ် အကြံပေး သဘောထားဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ၁၂ လအတွင်း သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများတွင် တရားမဝင်ရောက်ရှိနေခြင်းကို အဆုံးသတ်ရန် အစ္စရေးကို တောင်းဆိုခဲ့ကြောင်းသိရပါသည်။
မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၂၄ မဲ၊ အမေရိကန်နှင့် အစ္စရေးအပါအဝင် ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၄၃ မဲရှိပြီး တရုတ်နိုင်ငံက ထောက်ခံမဲပေးခဲ့သည်။