ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးလျှော့ချရေး ကော်မရှင်မှ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအရ ဒေသစံတော်ချိန် စက်တင်ဘာလ ၁၈ ရက်နေ့ ၈ နာရီအထိ ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖုန်း ဘီဘီဂတ်နှင့် အပူပိုင်း လေမုန်တိုင်းများကြောင့် ဘေးအန္တရာယ်များဖြစ်ပွားခဲ့ရာ လူ ၂၀ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကာ ၁၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါသည်။
တိုင်ဖုန်းလေမုန်တိုင်းများနှင့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းများကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများဖြစ်ပေါ်ကာ တစ်နိုင်ငံလုံးရှိ လူပေါင်း ၆ သိန်း နီးပါးသည် ဘေးဒဏ်ခံခဲ့ရကြောင်း သတင်းအရ သိရပါသည်။