လက်ဘနွန်၌ ဆက်သွယ်ရေးပစ္စည်း ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ပြီး အစ္စရေးဘက်မှ တိုက်ရိုက် တုံ့ပြန်မှုမျိုး မရှိသေး

(GMT+08:00)2024-09-19 14:46:19  

စက်တင်ဘာလ ၁၇ ရက်နေ့က  လက်ဘနွန်နိုင်ငံမှ နေရာအများအပြား၌ ပေဂျာ (pager)  ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသစံတော်ချိန် စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံမှ နေရာအများအပြား၌ ပေဂျာ၊ Walkie Talkie နှင့် ကြိုးမဲ့ ဆက်သွယ်ရေးစက်များ အပါအဝင် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ယခုအချိန်အထိ အဆိုပါ ပေါက်ကွဲမှုများကြောင့် လူ ၂၀ သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

လက်ဘနွန်တွင် ဒုတိယအကျော့ ဆက်သွယ်ရေးပစ္စည်းများ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ အစ္စရေးတပ်မတော်(IDF) စစ်ဦးစီးချုပ် Herzi Halevi နှင့် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့သည် ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သော်လည်း လက်ဘနွန်၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအပေါ် တိုက်ရိုက် တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သတင်းအရ သိရပါသည်။