ယခုလ ၁၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ သတင်းထောက် တစ်ဦး က တရုတ် လျှပ်စစ်ကားများထောက်ပံ့ကြေးပေးမှုဆန့်ကျင်ရေးဆိုင်ရာ EU ၏ စုံစမ်း စစ်ဆေးမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်။
လင်ကျန့်က ဤစုံစမ်းစစ်ဆေးမှုသည် စံတင်လောက်သော ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် နိုင်ငံရေးဖြင့်တွန်းအားပေးသည့်လုပ်ရပ်ဖြစ်ပြီး EU ၏ အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရန် တစ်ကမ္ဘာလုံး၏ ကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံသည် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းရန် အားထုတ် သည့်အပြင် ပျော့ပျောင်းသော ဖြေရှင်းရေးနည်းလမ်းဆိုင်ရာ အဆိုပြုချက်ကိုလည်း ဖော်ပြခဲ့ကြောင်း၊ ဥရောပကော်မရှင် အနေနှင့် တစ်ဇွတ်ထိုးပြုလုပ်ပါက၊ တရုတ်နိုင်ငံသည် လိုအပ်သော ဆောင်ရွက် ချက်များဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီနှင့် စက်မှုလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။