တရုတ်ရိုးရာလမုန့်ပွဲတော်အတွင်း လူပြည်ဝင်ပြည်ထွက်မှုပမာဏသည် ၅.၂၅၆သန်း ရှိသည်ဟု တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းထုတ်ပြန်

(GMT+08:00)2024-09-18 15:26:36  

    တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းအရ ယခုနှစ် တရုတ်ရိုးရာ လမုန့်ပွဲတော်အတောအတွင်း တစ်ပြည်လုံး၌ နယ်စပ်စစ်ဆေးရေးဌာနများသည် တရုတ်နိုင်ငံသား နှင့် နိုင်ငံခြားသားများ ၅.၂၅၆သန်း၏ ပြည်ဝင်ပြည်ထွက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး နေ့စဉ် ပျမ်းမျှအားဖြင့် လူ၁.၇၅၂သန်းရှိကာ ယမန်နှစ်လမုန့်ပွဲတော်ကထက် ၁၈.၆ ရာခိုင်နှုန်း တိုးများလာကြောင်း သတင်းရရှိပါသည်။