တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန် သည် စက်တင်ဘာလ ၁၆ ရက်နေ့က ၆၈ကြိမ်မြောက် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ညီလာခံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
ထိုဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် လီချန် က တရုတ်နိုင်ငံသည် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီသို့ ဝင်ရောက်ပြီးနောက် အနှစ် ၄၀ အတွင်းတွင် လက်တွေ့ကျ သော ဆောင်ရွက်မှုများဖြင့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ၏ လုပ်ငန်းများကို အစဉ်တစိုက် ထောက်ခံကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် နျူကလီးယားစွမ်းအင် ဖော်ထုတ်အသုံးပြုရေး၊ နျူကလီးယားလုံခြုံရေးနှင့် နျူကလီးယားလုံခြုံမှုကာကွယ်ထိန်းသိမ်းရေး၊ ကြီးကြပ်မှု ကာကွယ်ထိန်းသိမ်းရေးနှင့် မပြန့်ပွားစေရေးစသည့်နယ်ပယ်များတွင် ဘက်စုံပူးပေါင်း ဆောင်ရွက်ပြီး အောင်မြင်မှုများ ရရှိခဲ့ကြသဖြင့် တစ်ကမ္ဘာလုံးနျူကလီးယား စွမ်းအင် စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အင်အားများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ၊ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အတူ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တက်မြှင့်တင်ရန်၊ တစ်ကမ္ဘာလုံးနျူကလီးယား စွမ်းအင် စီမံခန့်ခွဲရေး ပိုမိုတရားမျှတပြီး နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပိုမိုပါဝင်နိုင်ကာ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတံခါးဖွင့်ပြီး စနစ်တကျဖြစ်စေဖို့ လက်တွဲကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်ဝန်ကြီးချုပ် လီချန် သည် ၆၈ကြိမ်မြောက် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ညီလာခံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့
(GMT+08:00)2024-09-18 10:50:03