ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ရှေ့တန်းဦးစားပေးမှု အဖြစ် သဘောထားမည်ဟု ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ Tô Lâmက စက်တင်ဘာလ ၁၇ရက်နေ့က ဟနွိုင်းမြို့၌ ထပ်မံပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်အသစ် He Wei၏ခန့်အပ်လွှာကို လက်ခံရာတွင် Tô Lâmက လက်ရှိ ဗီယက်နမ်-တရုတ် ဆက်ဆံရေးသည် မကြုံစဖူးသော အဆင့်မြင့်နေရာသစ်သို့ တက်လှမ်းပြီး ၂၀၂၅ခုနှစ်တွင် သံတမန် အဆက်အသွယ် ထားရှိခဲ့သည့် ၇၅နှစ်ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ်မှတ်ယူကာ ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေး အဓိကလမ်းကြောင်းကို အာရုံစိုက်၍ နှစ်နိုင်ငံ ဘက်စုံ၊ အရည်အသွေးမြင့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို စီမံပြီး နှစ်နိုင်ငံနှင့်ပြည်သူလူထုအတွက် ချမ်းသာသုခများ အဆက်မပြတ်ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
He Wei က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းတည်ထောင်ရေးကို တွန်းအားပေးပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအား သင်္ဘောကဲ့သို့ လေနှင့်လှိုင်းလုံးများကို စီး၍ အဝေးသို့ မှန်မှန် ခရီးနှင်ရန် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။