အမေရိကန် P-8A ရေငုပ်သင်္ဘောတိုက်ဖျက်ရေးကင်းလှည့်လေယာဉ်၏ ထိုင်ဝမ်ရေလက် ကြား ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍ အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်

(GMT+08:00)2024-09-18 15:26:17  

အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန် P-8A ရေငုပ်သင်္ဘော တိုက်ဖျက်ရေးကင်းလှည့်လေယာဉ်၏ ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ လီရှီက စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်မှ P-8A ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့် လေယာဉ်တစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့်အပြင် သတင်း ဖြန့်ချိခဲ့ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်သည် တိုက် လေယာဉ်များကို စုစည်းပြီး၊ အမေရိကန်မှ လေယာဉ်ဖြတ်သန်းသွားလာမှုလုပ်ရပ်ကို သတိပေးကာ၊ ဥပဒေ နှင့် စည်းမျဉ်းများနှင့် အညီ ဘက်စုံ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ စစ်မြေ တပ်များသည် အချိန်မရွေးသတိရှိနေပြီး နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု၊ လုံခြုံမှု နှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ပြတ်ပြတ်သားသားကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။