၂၀၂၇ ခုနှစ် တွင် ကွမ်ရှီးဒေသနှင့် အာဆီယံမြို့ကြီးများအကြား ၄၈ နာရီအတွင်း ကုန်စည် ပို့ဆောင်ရောက်ရှိမှု အခြေခံအားဖြင့် အကောင်အထည်ဖော်ဆောင်နိုင်

(GMT+08:00)2024-09-18 15:28:06  

လက်ရှိအချိန်တွင် ကွမ်ရှီးမှ အာဆီယံသို့ နိုင်ငံတကာစာပို့လုပ်ငန်း လျင်မြန်စွာ တိုးတက်လာပြီး၊ နန်နင်းမြို့ကို ဗဟိုပြု၍ PinXiangနှင့် DongXing စသည့် နယ်စပ်စခန်း များကို လမ်းကြောင်းများအဖြစ်ထားသည့် "1+N" နယ်စပ်ဖြတ်ကျော်ရေး ပို့ဆောင်မှုပုံစံ အခြေခံအားဖြင့်ဖြစ်ပေါ်လာပါသည်။ ၂၀၂၇ ခုနှစ်တွင် ကွမ်ရှီးဒေသ-အာဆီယံ မြို့ကြီးများ အကြား ၄၈ နာရီအတွင်း ကုန်စည် ပို့ဆောင်ရောက်ရှိမှု အခြေခံအားဖြင့် အကောင်အထည် ဖော်ဆောင်နိုင်မည်ဟု သိရပါသည်။