ငွေသော်တာလအလှ အတူရှုစားကြ “China Media Group ၂၀၂၄ ခုနှစ် ဆောင်းဦးလယ်လမုန့်ပွဲတော် ပဒေသာဖျော်ဖြေပွဲ” ကို တစ်ကမ္ဘာလုံးတွင် ထုတ်လွှင့်သွားမည်

(GMT+08:00)2024-09-17 10:11:16  

ငွေသော်တာလမင်းကြီးနှင့်အတူ ထိန်ထိန်ညီးသောမြို့ပြမီးအရောင်များပါ။ စက်တင်ဘာလ ၁၇ ရက်နေ့ည ၈ နာရီမှာ “China Media Group ၂၀၂၄ ခုနှစ် ဆောင်းဦးလယ်လမုန့်ပွဲတော် ပဒေသာဖျော်ဖြေပွဲ” ကို တစ်ကမ္ဘာလုံးမှ ပရိသတ်များရှုစားနိုင်ရန် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ယခုနှစ် China Media Group (CMG) ရဲ့ ဆောင်းဦးလယ်လမုန့်ပွဲတော် ပဒေသာဖျော်ဖြေပွဲဟာ ရွှန်းတင့်ရိုမန်တစ်ဆန်သလို ခန်းညားလှကာ ခေတ်သစ်ရဲ့ အငွေ့အသက်နဲ့ အင်အားတွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ပဒေသာဖျော်ဖြေပွဲကို “လပေါ်ထွက်လာမှု” “လရောင်ရွှန်းတင့်မှု” “လရောင်ထွန်းလင်းမှု” ဟူ၍ အပိုင်းသုံးပိုင်းနဲ့ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဆန်းသစ်တီထွင်တဲ့ အနုပညာတင်ဆက်မှုပုံစံနဲ့ တရုတ်ရိုးရာယဉ်ကျေးမှုကို တေးသီချင်း၊ အက၊ အော်ပရာပြဇာတ်၊ ဂီတတူရိယာတီးခတ်မှု စတဲ့တင်ဆက်မှုပုံစံတွေနဲ့ သက်ဝင်လှုပ်ရှားစွာ တင်ဆက်ပြသသွားမှာဖြစ်ကာ ပရိသတ်တွေကို အနက်အဓိပ္ပာယ်အလှ၊ ယဉ်ကျေးမှုအလှ၊ သိပ္ပံနည်းပညာအလှတို့ သယ်ဆောင်လာပေးမှာဖြစ်ပါတယ်။

တရုတ်လူမျိုးတို့ရဲ့ ဇာတိမြေအပေါ်လွမ်းဆွတ်မှု၊ မိသားစုနဲ့ပြန်လည်ဆုံစည်းမှုတို့ သံယောဇဉ်တွေအတွက် အရေးပါတဲ့ပွဲတော်တစ်ခုအနေနဲ့ ဆောင်းဦးလယ်လမုန့်ပွဲတော်မှာ ပြည့်ဝတဲ့ယဉ်ကျေးမှုအနှစ်သာရရှိပါတယ်။ ယခုနှစ်မှာ CMG ဆောင်းဦးလယ်လမုန့်ပွဲတော် ပဒေသာဖျော်ဖြေပွဲက‌ ဆောင်းဦးလယ်လမုန့်ပွဲတော်ရဲ့ ယဉ်ကျေးမှုသင်္ကေတအနှစ်သာရကို ဖော်ထုတ်ပြီး သံယောဇဉ်အရောင်အသွေးစုံလင်တဲ့ အနုပညာနဲ့ တင်ဆက်ပေးတာကြောင့် ပရိသတ်တွေက “အတွေးအခေါ်+အနုပညာ+နည်းပညာ” ရဲ့ယဉ်ကျေးမှုခံစားမှုကြားမှာ “ငွေသော်တာလအလှ အတူရှုစားကြ”တဲ့ ဆောင်းဦးလလယ် လမုန့်ပွဲတော်ညကို အတူမျှဝေခံစားကြရအောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။