Qiushi မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ အရေးကြီးသည့် ဆောင်းပါး "အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီအစည်းအဝေး၏ ဒုတိယ အကြိမ် စုံညီ အစည်းအဝေးတွင် ပြောကြားသော မိန့်ခွန်း" ကို ထုတ်ပြန်

(GMT+08:00)2024-09-16 11:29:19  

 စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ အရေးကြီးသည့် ဆောင်းပါး "အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီအစည်းအဝေး၏ ဒုတိယ အကြိမ် စုံညီ အစည်းအဝေးတွင် ပြောကြားသော မိန့်ခွန်း" ကို ထုတ်ပြန်ခဲ့ပါသည်။

  ယင်းဆောင်းပါးတွင် မျက်နှာစုံညီ အစည်းအဝေးမှ အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အထူးသဖြင့် ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို စုပေါင်း သုံးသပ် အသုံးချပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရာတွင် ရင်ဆိုင် နေရသော အခြေအနေသစ်နှင့် လိုအပ်ချက်သစ်များကို နက်ရှိုင်းစွာ သုံးသပ်ထားကြောင်း၊ ပါတီတစ်ရပ်လုံးနှင့် ပြည်သူတစ်ရပ်လုံး၏ ဉာဏ်ပညာများကို စုပေါင်းပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေး တစ်ဆင့်တိုး ဘက်စုံ ဇောက်ချပြုလုပ်ရေးဆိုင်ရာ အထွေထွေ အစီအမံများကို ရေးဆွဲချမှတ်ထားကြောင်း၊ မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို ကောင်းမွန်စွာ လေ့လာသင်ယူဖော်ဆောင်ရေးသည် မျက်မှောက်နှင့် အနာဂတ်အချိန်တွင် ပါတီတစ်ရပ်လုံးနှင့် တစ်ပြည်လုံးတို့၏ အရေးကြီးသည့် လုပ်ငန်းတာဝန်ပင် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။