၁၅ ရက်နေ့တွင် ဖလော်ရီဒါပြည်နယ် West Palm Beach ရှိ အမေရိကန်သမ္မတဟောင်း၊ ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ထရန့် ပိုင်ဆိုင်ထားသည့် ဂေါက်ကလပ်အနီးတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုမှာ ထရန့်အပေါ် "လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှု" ဖြစ်ကြောင်း၊ FBI သည် ယင်း ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ဒေသစံတော်ချိန် စက်တင်ဘာလ ၁၅ ရက်နေ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ ပါသည်။ ထရန့်သည် အခင်းဖြစ်ပွားချိန်တွင် သေနတ်သမားနှင့် ကိုက် ၅၀၀ ထက်မများသော အကွာအဝေးတွင် ရှိနေကြောင်း သတင်းရရှိပါသည်။ ထရန့် ဘေးကင်းကြောင်း ပစ်ခတ်မှုအပြီးတွင် ၎င်း၏ မဲဆွယ်စည်းရုံးမှုအဖွဲ့က ပြောဆိုခဲ့ပါသည်။
ထရန့်သည် "လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှု" ခံခဲ့ရပြီး သေနတ်သမားသည် အခင်းဖြစ်ပွားချိန်တွင် ထရန့်နှင့် ကိုက် ၅၀၀ ထက်မများ သောအကွာအဝေးတွင် ရှိနေ
(GMT+08:00)2024-09-16 11:52:57