ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသတိုးတက်ရေးဝန်ကြီးဌာနမှ သတင်းအရ ဒေသစံတော်ချိန် စက်တင်ဘာလ ၁၅ရက်နေ့ညအထိ တိုင်ဖုန် “Yagi”ကြောင့် ဗီယက်နမ်၌ လူ ၂၉၂ဦးသေဆုံးပြီး ၃၈ဦးပျောက်နေသေးကာ ၁၉၀၈ဦးဒဏ်ရာရရှိ၍ အခန်းပေါင်း ၂၄၁၅၀၁ ခန်း နစ်နာဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
တိုင်ဖုန် “Yagi”သည် စက်တင်ဘာလ ၇ရက်နေ့က ဗီယက်နမ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ ဗီယက်နမ် အမျိုးသား ဇလဗေဒ နှင့် မိုးလေဝသစင်တာမှ သတင်းအရ ၈ရက်နေ့နံနက်ပိုင်းက ဗီယက်နမ်အနောက်မြောက်ပိုင်းဒေသ၌ တိုင်ဖုန် “Yagi”သည် အပူပိုင်းဒေသ လေဖိအားနည်းရပ်ဝန်းအဖြစ် အရှိန်လျော့နည်းသွားခဲ့ကြောင်း၊ မုန်တိုင်း၏ နောက်ဆက်တွဲအရှိန်ကြောင့် ဗီယက်နမ်မြောက်ပိုင်းဒေသ၌ မိုး ဆက်တိုက် သည်းထန်စွာရွာသွန်းခဲ့ကြောင်း သတင်းရရှိပါသည်။