ဒေသစံတော်ချိန် စက်တင်ဘာလ ၁၅ရက်နေ့ညက မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းအရ စက်တင်ဘာလ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ၁၁၃ဦး သေဆုံးပြီး ၆၄ဦးပျောက်ဆုံးနေကာ ၁၄ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ အိမ်ထောင်စု ၇သောင်းမှ လူဦးရေ ၃သိန်းကျော် ဘေးသင့်ခဲ့သောကြောင့် နေရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုအကြိမ် မြန်မာနိုင်ငံတစ်ဝန်း၌ အတိုင်းအတာကြီးမားသော ရေကြီးရေလျှံမှုသည် အဓိက တိုင်ဖုန်မုန်တိုင်း “Yagi”နှင့် ဘင်္ဂလားပင်လယ်ကွေ့၌ ဖြစ်ပွားသော လေမုန်တိုင်းများကြောင့်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဒေသများစွာ၌ တောင်မြေပြိုကျမှုစသော ဘေးအန္တရာယ်များ ဖြစ်စေခဲ့ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး စသောဒေသများမှ ၅၆ မြို့နယ် ရေကြီးရေလျှံမှုဒဏ်ခံရကြောင်း ပြောကြားခဲ့ပါသည်။