ရှီကျင့်ဖိန် ၏ အရေးကြီး မိန့်ခွန်းသည် ခေတ်သစ်တွင် ပြည်သူ့ကွန်ဂရက်လုပ်ငန်းကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် လမ်းညွန်ချက် ထောက်ပံ့ပေး

(GMT+08:00)2024-09-16 11:51:38  

ပြည်သူ့ကွန်ဂရက်စနစ်သည် တရုတ်နိုင်ငံ၏ ဝိသေသထူးခြားချက်၊ လက်တွေ့ အခြေအနေနှင့် ကိုက်ညီပြီး ဆိုရှယ်လစ်နိုင်ငံ၏ လက္ခဏာကို ဖော်ပြနိုင်သော စနစ်ကောင်း ဖြစ်သကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အင်အားများကို ထိရောက်စွာ စုစည်း၍ တရုတ် အသွင်ပုံစံခေတ်မီရေးကို အတူတကွမြှင့်တင်နိုင်သော စနစ်ကောင်းလည်း ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်နှစ် ဂုဏ်ပြု ခြင်းညီလာခံတွင် ပြောကြားခဲ့ပါသည်။

    အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ၏ အရေးကြီး မိန့်ခွန်းသည် ခေတ်သစ် ခရီးသစ်တွင် ပြည်သူ့ကွန်ဂရက်စနစ်ကို ကောင်းကောင်း စွဲကိုင်ထားပြီး ပြီးပြည့်စုံ ကောင်းမွန်စေကာ ကောင်းမွန်စွာလည်ပတ်စေရန် စည်းရုံးခြင်းအမိန့်ကို ထုန်ပြန်ခြင်း ဖြစ်ပါသည်။ လူအများက အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ပြောကြားသည့် အရေးကြီး  မိန့်ခွန်း၏ အနှစ်သာရကို လမ်းညွန်ချက်အဖြစ်ထားပြီး ပြည်သူ့ကွန်ဂရက်စနစ်၏ အရေးကြီးသော အခန်းကဏ္ဍကို အပြည့်အဝ ဖော်ထုတ်ကာ ခေတ်သစ်ခရီးသစ်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုပန်းတိုင်ကို အကောင်အထည်ဖော်ရန် ခိုင်မာသော စနစ်  အာမခံချက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။