ယခုနှစ် မေလက အမေရိကန် အစိုးရက တရုတ် နိုင်ငံ အပေါ် မူလက ၃၀၁ အခွန်ကို ဆက်လက် ကောက်ယူသည့် အခြေခံပေါ်တွင် တရုတ် လျှပ်စစ်ယာဉ် စသည့် ထုတ်ကုန် ပစ္စည်းများ အပေါ် အခွန်ကို တစ်ဆင့် တိုးမြှင့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် မကြာခင်က တရုတ် နိုင်ငံ အပေါ် အခွန် တိုးကောက်ခြင်း ဆိုင်ရာ နောက်ဆုံး ဆောင်ရွက်ချက်နှင့် ပတ်သက်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အခွန်စစ်ပွဲသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အမေရိကန်ကိုလည်း ထိခိုက်စေမည် ဖြစ်သည်။ အမေရိကန်သည် တရုတ် နိုင်ငံ အပေါ် အခွန် တိုးကောက်ခြင်းကို ဖော်ဆောင်ခဲ့ခြင်းကြောင့် အမေရိကန် လုပ်ငန်း ကုမ္ပဏီများနှင့် စားသုံးသူများ၏ စုစုပေါင်း နစ်နာဆုံးရှုံးမှု ပမာဏမှာ ကန်ဒေါ်လာ ၂၂၁ဘီလီယံ ရှိပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။ Moody'sမှ စာရင်းအရ အမေရိကန် စားသုံးသူသည် တရုတ် နိုင်ငံ အပေါ် အခွန်တိုးကောက်ခြင်း ကုန်ကျစရိတ်၏ ၉၂ရာခိုင်နှုန်းကို ထမ်းထားပြီး အမေရိကန် အိမ်ထောင်စု တစ်စု၏ နှစ်စဉ် ပျမ်းမျှ သုံးငွေ တိုးနှုန်းမှာ ကန်ဒေါ်လာ ၁၃၀၀ရှိကြောင်း သိရသည်။ အမေရိကန် အခွန် ဖောင်ဒေးရှင်းမှ စာရင်းအရ တရုတ် နိုင်ငံ အပေါ် အခွန် တိုးကောက်ခြင်းသည် အမေရိကန် အလုပ်သမားများ၏ အလုပ်အကိုင် နေရာ ချထားရေး ပြဿနာကို ဖြေရှင်းပေးခြင်း မရှိဘဲ အမေရိကန်တွင် အလုပ်အကိုင်နေရာ ၁သိန်း ၄သောင်း ၂ထောင်ကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။ ထို့အပြင်၊ အမေရိကန်၏ အခွန်တိုးကောက်ခြင်း ဆောင်ရွက်ချက်ဖြင့် တရုတ် နိုင်ငံ အပေါ် မှီခိုအားထားမှု လျှော့ချရန် မူဝါဒ ဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည် မဖော်ဆောင်ဘဲ မိမိနိုင်ငံ၏ သွင်းကုန် ကုန်ကျစရိတ်ကို တိုးမြှင့်ခဲ့သည်။
တရုတ် နိုင်ငံ အပေါ် အခွန်တိုးကောက်ခြင်းသည် အမေရိကန်၏ နိုင်ငံတကာ ပုံရိပ်ကို တစ်ဆင့်တိုး ထိခိုက်စေသည်။ ယင်းသို့ တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ လုပ်ရပ်သည် “တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဖိနှိပ်ဟန့်တားရန် မရှာကြံကြောင်းနှင့် တရုတ် နိုင်ငံနှင့် ချိတ်ဆက်မှု ဖြတ်တောက်ရန် မရှာကြံကြောင်း ဟူသော အမေရိကန်၏ ကတိပြုချက်ကို ဖောက်ဖျက်ခြင်း ဖြစ်သည့် အပြင်၊ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုကို ကျောခိုင်းခြင်းလည်း ဖြစ်သည်။ ၃၀၁အခွန်သည် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်း ဥပဒေကို ဖောက်ဖျက်သည်ဟု ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့က အစောပိုင်းက စီရင်ဆုံးဖြတ်ခဲ့သည်။ သို့သော် အမေရိကန်ဘက်က မှားယွင်းမှုကို မပြုပြင်ဘဲ တရုတ် နိုင်ငံ အပေါ် အခွန် တစ်ဆင့်တိုးကောက်ရန် ဆုံးဖြတ်သည်။ ယင်းသည် အမေရိကန်က နိုင်ငံတကာ စည်းမျဉ်း ဥပဒေကို ဖျက်ဆီးသူ ဖြစ်သည်ဟု သက်သေ ပြနေသည်။ တရုတ် နိုင်ငံ အနေနှင့် တရုတ် လုပ်ငန်း ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် အတွက် လိုအပ်သော ဆောင်ရွက်ချက်များကို ပြုလုပ်မည် ဖြစ်သည်။