၁၈ကြိမ်မြောက် တရုတ်-အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနများအကြား လုပ်ငန်း တွေ့ဆုံပွဲ ကျင်းပ

(GMT+08:00)2024-09-16 11:52:14  

စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၈ကြိမ်မြောက် တရုတ်-အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနများအကြား လုပ်ငန်းတွေ့ဆုံပွဲကို တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ဗဟိုစစ်ရေးကော်မရှင် နိုင်ငံတကာစစ်ရေးပူးပေါင်းဆောင်ရွက်မှု ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးလက်ထောက်တို့ သည် ယခုအကြိမ် တွေ့ဆုံပွဲကို ပူးတွဲကြီးမှူးကျင်းပခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-အမေရိကန်တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး၊ လာမည့်အဆင့်ကာလတွင် တပ်မတော်နှစ်ရပ်အကြား ကူးလူးဆက်ဆံရေးနှင့် အတူတကွအလေးထားကြသော ပြဿနာများနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။