
ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့ညက ၄၇ ကြိမ်မြောက် ကမ္ဘာ့ကျွမ်းကျင်မှု ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် ပြီးဆုံးခဲ့ပါသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ယခု အကြိမ်ပြိုင်ပွဲမှ စုစုပေါင်းအစီအစဉ် ၅၉ ခု တွင် ရွှေတံဆိပ် ၃၆ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၄ ခုနှင့် ထူးချွန်ဆု ၈ ခု ရရှိခဲ့ပြီး၊ ရွှေတံဆိပ်ဆုစာရင်း၊ ဆုတံဆိပ်စာရင်းနှင့် အသင်းစုစုပေါင်းရမှတ်များတွင် ပထမနေရာ၌ တည်ရှိကြောင်း သတင်းအရသိရပါသည်။








