ရှီကျင့်ဖိန်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် ဂုဏ်ပြုညီလာခံ၌ အရေးကြီးမိန့်ခွန်းပြောကြား

(GMT+08:00)2024-09-15 11:55:52  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်း ကော်မတီသည် ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့်နှစ် ဂုဏ်ပြုခြင်း ညီလာခံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အစည်းအဝေး တက်ရောက်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က လုပ်ငန်းစဉ်တစ်လျှောက်လုံး ပြည်သူ့ဒီမိုကရေစီ ဖွံ့ဖြိုးစေပြီး ပြည်သူ့ကွန်ဂရက်စနစ် စွဲကိုင်ကာ၊ ခေတ်သစ်နှင့် ခရီးသစ်တွင် ပါတီနှင့် ပြည်သူများမှ ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ဆောင်ရန်အတွက် ခိုင်မာသော စနစ်ရေးရာ အာမခံချက်ပေးဆောင် ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။