မကြာသေးမီက အချို့သောမီဒီယာများနှင့် ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်းရေးကိုစွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်မှုများနှင့်စပ်လျဉ်း၍ မိမိတို့ဘက်က အောက်ပါအတိုင်း ထပ်လောင်းပြောကြားလိုပါသည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးပါသည်။ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထား၍ မြန်မာပြည်သူကပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါသည်။ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ပါသည်။ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါသည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူပါသည်။ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင်စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးအား ဖော်ဆောင်သွားရန် မျှော်လင့်ပါသည်။ တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိပါသည်။