ယခုလ ၁၁ရက်နေ့မှ ၁၃ရက်နေ့ အထိ တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ပြဿနာ ဆိုင်ရာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရေး ယန္တရား အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ၊ ၁၁ကြိမ်မြောက် ဘေကျင်း Xiangshan ဖိုရမ်နှင့် တရုတ်-အာဆီယံ နိုင်ငံများမှ “တောင်ပင်လယ် ဘက်အသီသီးတို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်း” အကောင်အထည် ဖော်ဆောင်ရေး ဆိုင်ရာ ၂၂ကြိမ်မြောက် အဆင့်မြင့် အရာရှိများ အစည်းအဝေးကို ရှေ့ဆင့်နောက်ဆင့် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးများသည် တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်သည့် အပြင်၊ တူညီသော အချက်ကို ပြလိုက်သည်။ ယင်းအချက် ပြလိုက်ခြင်းမှာ ဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုကို သင့်လျော်ပြေလည်စွာ ဖြေရှင်ပြီး တောင်ပင်လယ် အခြေအနေ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ခြင်းသည် ဒေသတွင်း နိုင်ငံများ၏ ဘုံမျှော်လင့်ချက် ဖြစ်ပြီး ဒေသတွင်း အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်ကြောင်း ဖြစ်သည်။
တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ပြဿနာ ဆိုင်ရာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရေး ယန္တရား အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသည် ရှင်းလင်းပြတ်သားသည့် အချက်ပြလိုက် သည်။ ယင်းအချက်ပြလိုက်ခြင်းမှာ ဖိလစ်ပိုင်ဘက်မှ လက်ရှိ တောင်ပင်လယ် အခြေအနေ တင်းမာမှု အရှိန်မြင့်လာခြင်းကို တစ်ဖက်သတ် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံ အနေနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရေး အတွက် ဖိလစ်ပိုင်ဘက်နှင့် ညိနှိုင်းဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်သည်။
ယခုအကြိမ် ဘေကျင်း Xiangshan ဖိုရမ်တွင် စင်ကာပူ ကာကွယ်ရေး ဝန်ကြီး Ng Eng Henက မိန့်ခွန်းပြောကြားရာ၌ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ဆက်လက် ကျင်းပရန် မျှော်လင့်ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့သည် ငြိမ်းချမ်းရေး ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယခုလ ၁၃ရက်နေ့က ကျင်းပခဲ့သော တရုတ်- အာဆီယံ နိုင်ငံများမှ “တောင်ပင်လယ် ဘက်အသီသီးတို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်း” အကောင်အထည် ဖော်ဆောင်ရေး ဆိုင်ရာ ၂၂ကြိမ်မြောက် အဆင့်မြင့် အရာရှိများ အစည်းအဝေးတွင် ဘက်အသီးသီးတို့က တောင်ပင်လယ် အေးချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ခြင်းသည် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိသည်ဟု ယူဆကြသည့်အပြင် ဆွေးနွေးခြင်းကို အားဖြည့်ပြုလုပ်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကာ သဘောကွဲလွဲမှုကို သင့်လျော်ပြေလည်စွာ ကိုင်တွယ် ဖြေရှင်း၍ အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး ပင်လယ်ပြင် အခြေအနေ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် ပန်ကြားခဲ့သည်။
နှစ်တစ်ရာတွင် မကြုံစဖူး ကြီးမားသည့် ပြောင်းလဲမှု အခြေအနေမျိုး၌ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို အကောင်အထည် ဖော်ဆောင်ပြီး တောင်ပင်လယ်ကို ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပင်လယ် အဖြစ် တည်ဆောက်ရေးသည် ဒေသတွင်း နိုင်ငံများ၏ ဘုံလိုအင်ဆန္ဒ ဖြစ်သည်။ တရုတ် နိုင်ငံသည် ယင်းရည်မှန်းချက် အတွက် ဆက်လက် အားထုတ်ကြိုးပမ်းမည် ဖြစ်သည်။ ဖိလစ်ပိုင်ဘက်သည် ဒေသတွင်း သဘောတူညီမှုသို့ ပြန်လည် ရောက်ရှိပြီး ကိုယ့်နိုင်ငံ၏ အကျိုးစီးပွားနှင့် တကယ် ကိုက်ညီသည့် ရွေးချယ်မှုကို ပြုလုပ်သင့်သည်။