မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ၄၂ဦး သေဆုံးသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆို

(GMT+08:00)2024-09-15 15:07:46  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၄ရက်နေ့ညက မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့မှ အချက်အလက်အရ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံနေရာဒေသအများအပြားတွင် ရေဘေးဒုက္ခခံရကြောင်း၊ နေပြည်တော်မှ အချက်အလက်များအရ ရေကြီးရေလျှံမှုကြောင့် လူ၄၂ဦး သေဆုံးပြီး အဆောက်အအုံ၃၈၀၀ကျော်ပျက်စီးဆုံးရှုံးကာ လူ၂၅၀၀၀ကျော်ဘေးသင့်ခဲ့သည်ဟု ဖော်ပြကြောင်း သိရပါသည်။

တာဝန်ရှိသူများသည် ရေဘေးသင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။