CGTN ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက် - တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူများက အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းကမ်းအား နင်းချေမှုကို ရှုတ်ချကြ

(GMT+08:00)2024-09-15 15:06:34  

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သည့် “အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းကမ်းနှင့် တာဝန်ဝတ္တရားအားထမ်းဆောင်မှုအခြေအနေ အစီရင်ခံစာ” ၌ လွန်ခဲ့သည့်တစ်နှစ်အတွင်း အမေရိကန်က အဖွဲ့ဝင်နိုင်ငံများ၏ မျှော်လင့်ချက်ကို ဆက်လက်ဂရုမစိုက်ဘဲ တစ်ဖက်သတ် ဒဏ်ခတ်အရေးယူမှုများကို အဆက်မပြတ်အဆင့်မြှင့်ခြင်း၊ ခွဲခြားဆက်ဆံသည့်အစီအမံများ မကြာခဏဖော်ဆောင်ခြင်း၊ အခွန်ကောက်တားဆီးမှုများကို ဆက်လက်မြှင့်တင်ခြင်းတို့ဖြင့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်အတွက် ပြင်းထန်သည့်စိန်ခေါ်မှုများသယ်ဆောင် လာခဲ့ သည်။ “အစီရင်ခံစာ” အရ China Media Group CGTN သည် တစ်ကမ္ဘာလုံးမှ အင်တာနက် အသုံးပြုသူများအပေါ် စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းဖြေကြားသူ ၉၀.၅၃% က အမေရိကန်အစိုးရ အသုံးပြုသည့် တစ်ကိုယ်တော်ဝါဒနှင့် ကုန်သွယ်ရေးကာကွယ်ရေး အစီအမံများကို ဝေဖန်ခဲ့ပြီး ၎င်းသည်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းကမ်းအပေါ် ပြင်းထန်စွာနင်းချေမှုဖြစ်သည်ဟုယူဆကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အမေရိကန်၏ “၃၀၁ အ‌ကြောင်းအရာ” အကောက်ခွန်ကောက်ခံမှု အစီအမံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်မှု ဖြစ်သည်ဟု စီရင်ဆုံးဖြတ်သည့်အခြေအနေတွင် အမေရိကန်က သက်ဆိုင်ရာနိုင်ငံ၏ ရေကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အချို့သောသွင်းကုန် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ကောက်ခံမှုအား မြှင့်တင်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ စစ်တမ်းဖြေကြားသူပေါင်း ၉၄.၃၁% က အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းအပေါ် လေးစားမှုကင်းမဲ့နေပြီး ၎င်း၏ဗိုလ်ကျမှုရုပ်ပုံကို ပေါ်လွင်စေသည်ဟု ဝေဖန်ကြသည်။

ယခုနှစ်မေလပိုင်းအထိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အစည်း ပုံမှန်အစည်းအဝေးများတွင် အဖွဲ့ဝင်ပေါင်း ၁၃၀ က အယူခံဝင်သည့်အဖွဲ့ အဖွဲ့ဝင်များ ရွေးချယ်သည့်အစီအစဉ်အား ဆောလျင်စွာစတင်ရန် အတိအလင်းထောက်ခံအားပေးသည့် အခြေအနေတွင် အမေရိကန်သည် ၇၆ ကြိမ်ဆက်တိုက် လူရွေးချယ်မှုအား စတင်ရန်ငြင်းပယ်ခဲ့သည်။ စစ်တမ်းကောက်ယူမှုတွင် စစ်တမ်းဖြေကြားသူပေါင်း ၉၄.၁၂% က အမေရိကန်၏ အဆိုပါလုပ်ရပ်သည် မိမိ၏အကျိုးစီးပွားကို  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏အထက်တွင် ထားရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းခြင်းယန္တရားကို လျစ်လျူရှု၊ ဖျက်ဆီးနေခြင်းဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပုံမှန်လည်ပတ်မှုကို ဆိုးရွားစွားတားဆီးနေသည်ဟု ယူဆကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထူထောင်လာကတည်းက အမေရိကန်က တရားစွဲခံရသည့်အမှုပေါင်း ၁၅၉ ခုရှိပြီး ၎င်းတို့အနက် စီရင်မှုအားနည်းသဖြင့် အငြင်းပွားမှုဖြစ်ပွားသည့် အမှုပေါင်း ၂၈ မှုရှိကာ တရားစွဲခံရသည့် အမှုစုစုပေါင်းပမာဏ၏ ၂၀% ရှိသည်။ စစ်တမ်းဖြေကြားသူပေါင်း ၉၅.၄၅% က အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စီရင်ချက်အား ရွေးချယ်၍ လုပ်ဆောင်ခြင်းသည် “အမေရိကန်ပုံစံ စံနှုန်းနှစ်မျိုး” ကျင့်သုံးခြင်း လုပ်ရပ်ပင်ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းကိုဖျက်ဆီးသည့်အပြင် အမေရိကန်က ကုန်သွယ်ရေး ကိုယ့်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ တစ်ဖက်သတ် ဗိုလ်ကျဒဏ်ခတ်မှုနှင့် လုပ်ငန်းမူဝါဒ “စံနှုန်းနှစ်မျိုး” လမ်းကြောင်းပေါ်တွင် အရှိန်မြှင့် ရှေ့ဆက်နေသည်။ ယခုနှစ် မေလအထိ တစ်ကမ္ဘာလုံးတွင် နိုင်ငံနှင့်ဒေသပေါင်း ၉၁ ခု၏ ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၂၈၆၈ ခုသည် အမေရိကန်၏ ဒဏ်ခတ်အရေးယူခံရသည့်စာရင်းထဲထည့်သွင်းခံခဲ့ရပြီး အမေရိကန်သည် တစ်ကမ္ဘာလုံးတွင် တစ်ဖက်သတ်ဒဏ်ခတ်အရေးယူမှု ကျင့်သုံးသည့် အများဆုံးနိုင်ငံဖြစ်နေပြီဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ စစ်တမ်းဖြေကြားသူပေါင်း ၉၁.၅၅% က အမေရိကန်၏ ထင်သလို တစ်ဖက်သတ်ဒဏ်ခတ်အရေးယူမှုသည် တစ်ကမ္ဘာလုံး လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ ဘေးကင်းလုံခြုံမှုကို ပြင်းထန်စွာဖျက်ဆီးနေသည်ဟု ယူဆကြသည်။ စစ်တမ်းကောက်ယူရာတွင် စစ်တမ်းဖြေကြားသူပေါင်း ၉၅.၂၄% က အမေရိကန်က အမျိုးသားလုံခြုံရေးအယူအဆကို အလွဲသုံးစားလုပ်ကာ တစ်ကိုယ်တော်ဝါဒ၏ ဗိုလ်ကျမှုလုပ်ရပ် ဖော်ဆောင်မှုအား ဝေဖန်ကြသည်။

ပြောသင့်သည့်အချက်မှာ ဈေးကွက်စီးပွားရေးကို အမြဲကျင့်သုံးသည့် အမေရိကန်သည် လုပ်ငန်းမူဝါဒတွင် ပိုမို “စံနှုန်းနှစ်မျိုး”  ဖြစ်လာသည်။ တစ်ဖက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းကိုချိုးဖောက်သည့် ထောက်ပံ့ကြေး အများအပြားပေးကာ တစ်ကမ္ဘာလုံးဈေးကွက်ကိုဖျက်ဆီးနေပြီး အခြားတစ်ဖက်တွင်မူ “ကုန်ထုတ်လုပ်မှုစွမ်းရည် ပိုလျှံနေသည်” ကို အကျယ်ချဲ့ကြေညာကာ သူတစ်ပါးနိုင်ငံ၏ သဘောတရားကျသောမူဝါဒကို ပြစ်တင်နေသည်။ ၎င်းအပေါ် စစ်တမ်းဖြေကြားသူပေါင်း ၈၇.၂% က အမေရိကန်အနေဖြင့် သဘောတရားမကျသော ထောက်ပံ့ကြေး မူဝါဒအား ကာလကြာရှည်စွာဖော်ဆောင်ခြင်းသည် တရားမျှတစွာယှဉ်ပြိုင်မှု အခြေခံမူကို ပြင်းထန်စွာ ချိုးဖောက်နေသည်ဟု ယူဆကြပြီး စစ်တမ်းဖြေကြားသူ ၈၅’၈၂% က အမေရိကန်က ပိုမိုတရားမျှတ၍ သဘောတရားကျသော နိုင်ငံတကာကုန်သွယ်ရေး အစီအစဉ်တည်ဆောက်ရေးအတွက် ပိုမိုများပြားသည့် အပြုသဘောဆောင် သောအင်အားများဖြင့် အကျိုးထမ်းဆောင်ပေးရန် တိုက်တွန်းကြသည်။

အထက်ပါစစ်တမ်းကောက်ယူမှုကို CGTN အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်နှင့် အာရပ်ဘာသာစကား ပလက်ဖောင်းတွင် ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူပေါင်း ၆ ထောင်ကျော်က ပါဝင်မဲပေးကာ မိမိအမြင်များကို ဖော်ပြခဲ့ကြသည်။