တရုတ် အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူသည် ဂျာမနီ စစ်သင်္ဘောမှ ထိုင်ဝမ် ရေလက်ကြား ဖြတ်သန်းခြင်းနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြား

(GMT+08:00)2024-09-14 16:37:31  

    တရုတ် အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ၊ ရေတပ် အထက်တန်း ဗိုလ်မှူးကြီး Li Xi က ယခုလ ၁၃ရက်နေ့က ဂျာမနီ နိုင်ငံ Baden-Wurttemberg class  အစောင့်အကြပ် သင်္ဘောနှင့် Frankfurt ထောက်ပံ့ရေး သင်္ဘောများသည် ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းပြီး လူသိရှင်ကြား သတင်းဖြန့်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ် တစ်လျှောက်လုံးတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရှေ့စစ်နယ်သည် ရေတပ်နှင့် လေတပ် အင်အားများကို စည်းရုံးပြီး ကြီးကြပ်ခဲ့ကြောင်း၊ ဂျာမနီဘက်မှ ယင်းလုပ်ရပ်သည် လုံခြုံရေး ဆိုင်ရာ အန္တရာယ်ကို တိုးမြှင့်ပြီး မှားယွင်းသော အချက်ကို ပြသခဲ့ကြောင်း၊ စစ်နယ် တပ်ဖွဲ့များသည် အချိန်တိုင်းသတိရှိပြီး ခြိမ်းခြောက်မှုနှင့် ရန်စမှု မှန်သမျှကို ခိုင်မာပြတ်သားစွာ တုံ့ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။