ထိုင်ဝမ် ပြဿနာသည် လွတ်လပ်စွာ ပင်လယ် ရေကြောင်း သွားလာမှု ပြဿနာ ဆိုသည် မှာ မဟုတ်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-09-14 16:37:02  

    ယခုလ ၁၃ရက်နေ့က ကျင်းပသော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဂျာမနီ စစ်သင်္ဘောမှ ထိုင်ဝမ် ရေလက်ကြား ဖြတ်သန်းခြင်းသည် မည်သည့်ဘက်ကိုမျှ မရည်ရွယ်ကြောင်း၊ အမှန်တကယ်တော့ ယင်းသည် လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာမှု ဖြစ်သည့် နိုင်ငံတကာ အခြေခံမူကို  ကျားကန်ပေးကြောင်း ပြောကြားခဲ့သည်၊ ယင်းပြောဆိုချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနှင့် မည်သည့် မှတ်ချက် ရှိသနည်းဟု ရိုက်တာ သတင်းထောက်က မေးမြန်းခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူဝါဒနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ယေဘုယျ သဘောတူညီချက် ဖြစ်ကြောင်း၊ ထိုင်ဝမ် ပြဿနာသည် လွတ်လပ်စွာ ပင်လယ် ရေကြောင်း သွားလာမှု ပြဿနာ ဆိုသည် မှာ မဟုတ်ဘဲ တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲခြင်းနှင့် ပတ်သက်သည့် ပြဿနာ ဖြစ်ကြောင်း  ပြောကြားခဲ့ သည်။