တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲသည် အာဆီယံနိုင်ငံများနှင့် တရုတ်အကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းကို တည်ဆောက်ပေး

(GMT+08:00)2024-09-14 16:30:09  

စက်တင်ဘာလ ၁၃ရက်နေ့က ကျင်းပခဲ့သော တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ ပညာရေးဝန်ဆောင်မှု ဆိုင်ရာ ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားMilaတက္ကသိုလ် နှင့် Beijing Polytechnic ကောလိပ်တို့သည် ပညာရပ် ဆိုင်ရာ ဖလှယ်မှု၊ ဆရာဆရာမများ အရည်အချင်း နှင့် ကျောင်းသားကျောင်းသူများ၏ အမှတ်များကို အပြန်အလှန်အသိအမှတ်ပြုခြင်း စသော အကြောင်းအရာအပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။

ယခုအကြိမ် ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ၏ ပညာရေးဝန်ဆောင်မှုပြခန်း၌ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း နှင့် အင်ဒိုနီးရှားစသောအာဆီယံနိုင်ငံများမှ တက္ကသိုလ် ကောလိပ်ကျောင်းများ နှင့် ပညာရေးလုပ်ငန်းဌာနများသည် တရုတ်နှင့် ပညာတော်သင် အဆင်ပြေစေမှု၊ လေ့လာသုတေသနပြု မှုဆိုင်ရာ ကူးလူးဖလှယ်ရေး စသောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။