ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ မှတစ်ဆင့် ကမ္ဘာသည် တရုတ် တွန်းအားသစ်များ မြင်တွေ့

(GMT+08:00)2024-09-14 16:29:41  

     ဘေကျင်းတွင် ကျင်းပနေသည့် ၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ် ရေး ကုန်စည်ပြပွဲသည် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၈၅ခု၊ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီကြီး ၄၅၀နှင့် အခြား စက်မှုလုပ်ငန်း ထိပ်တန်း ကုမ္ပဏီများ ပါဝင် ပြသရန် ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ ၂၀၂၃ခုနှစ် တရုတ် ဝန်ဆောင်မှု သွင်းကုန်ပို့ကုန် စုစုပေါင်း တန်ဖိုးမှာ တရုတ် ယွမ်ငွေ ၆၅၇၅.၄၃ ဘီလီယံ ရှိပြီး စံချိန်သစ် တင်ကာ ကမ္ဘာပေါ်တွင် ရှေ့ပြေးနေကြောင်း၊ ယင်းတို့အနက် အသိပညာ အများအပြား လိုအပ်သည့် ဝန်ဆောင်မှု ကုန်သွယ်ရေး ပမာဏ အချိုးအစားမှာ ၄၁.၄ရာခိုင်နှုန်း အထိ တိုးလာကြောင်း သိရသည်။ ယင်းသည် တရုတ် ဝန်ဆောင်မှု ကုန်သွယ်ရေး၏ ယှဉ်ပြိုင်နိုင်စွမ်း ဆက်တိုက် တိုးမြင့်ပြီး တရုတ် စီးပွားရေး၏ ဆန်းသစ်တီထွင်ရေး ရှင်သန်မှု သိသာထင်ရှားစွာ တိုးမြင့်လာခြင်းကို ပြဆိုနေသည်။

တရုတ် ဝန်ဆောင်မှု ဈေးကွက် အရှိန်အဟုန် ကောင်းကောင်းဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်း သည် နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီများ အတွက် အလွန် ကြီးမားသည့် အခွင့်အလမ်းများကို ဆောင်ကြဉ်းလာသည်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းက တရုတ် ဝန်ဆောင်မှု သွင်းကုန် ပမာဏမှာ တရုတ် ယွမ်ငွေ ၂.၁ ထီရီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၆.၄ ရာခိုင်နှုန်း တိုးလာကြောင်း သက်ဆိုင်ရာ စာရင်း အရ သိရသည်။ ယခုအကြိမ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင် တရုတ် အစိုးရသည် "ဝန်ဆောင်မှု ဈေးကွက်အား နိုင်ငံခြားသို့ တံခါးဖွင့်မှုကို စနစ်တကျ တိုးချဲ့ ဆောင်ရွက်ရန်" စသည့် ဆောင်ရွက်ချက်များကို ကြေညာပြီး တရုတ် နိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ လုပ်ကိုင် ဆောင်ရွက်ရန် ယုံကြည်မှုကို တစ်ဆင့်တိုးပွားစေမည် ဖြစ်သည် ။

ထို့အပြင်၊ ပြောသင့်ပြောထိုက်သည့် အချက်တစ်ချက်မှာ ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပြသထားသည့် ဟိုက်ဒရိုဂျင်စွမ်းအင်နှင့် ဒီဂျစ်တယ် နည်းပညာစသည့် နယ်ပယ်များမှ ဆန်းသစ်တီထွင်မှုများသည် နိုင်ငံခြား ကုမ္ပဏီများကို ဆွဲဆောင်နေသည်။ တရုတ် အစိုးရ၏ အင်တိုက်အားတိုက် အားပေးထောက်ခံမှုဖြင့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် တရုတ် စီးပွားရေး အတွက် ရှင်သန်မှုသစ်များကို ဖော်ဆောင်ပေးပြီး တရုတ်ပြည်ရှိ နိုင်ငံခြား ကုမ္ပဏီများ အတွက် ပိုမိုများပြားသည့် ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာများကို ဖန်တီးပေးမည် ဖြစ်သည်။

ဝန်ဆောင်မှု ကုန်သွယ်ရေး အရှိန်မြှင့် လုပ်ကိုင်ဆောင်ရွက်ရေးသည် အဆင့်မြင့်မားသည့် နိုင်ငံခြားသို့ တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်ရန်နှင့် နိုင်ငံခြား ကုန်သွယ်ရေး တွန်းအားသစ်ကို ဖော်ဆောင်ရန် အရေးကြီး နည်းလမ်းပင် ဖြစ်သည်။ လက်ရှိတွင် ဝန်ဆောင်မှု ကုန်သွယ်ရေးသည် ကမ္ဘာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် သော့ချက်ကျသည့် တွန်းအား တစ်နေ့တခြား ဖြစ်လာပြီ ဖြစ်သည်။ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ မှတစ်ဆင့် ကမ္ဘာသည် တရုတ် တွန်းအားသစ်များ မြင်တွေ့ပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေး၏ ရှင်သန်မှုနှင့် အလွန်ကြီးမားသည့် အခွင့် အကောင်း များကိုလည်း တွေ့မြင်နိုင်သည်။