ပူတင် သည် ဝမ်ယိ နှင့် တွေ့ဆုံ

(GMT+08:00)2024-09-13 12:57:49  

စက်တင်ဘာလ ၁၂ ရက်နေ့က ရုရှားနိုင်ငံသမ္မတ ပူတင် သည် စိန့်ပီတာစဘတ်မြို့ တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိ နှင့် တွေ့ဆုံ ခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ ရုရှားနိုင်ငံသမ္မတ ပူတင် ထံသို့ ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်သခြင်းကို တစ်ဆင့်ပြောပြခဲ့ပါသည်။ ဝမ်ယိ က တရုတ်-ရုရှားနှစ်နိုင်ငံအကြား ခိုင်မာသော အပြန်အလှန်ယုံကြည်မှုနှင့် နက်ရှိုင်းသော ချစ်ကြည်ရေး ရှိပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှု အောက်တွင် တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး နှင့် မိတ်ဖက်ဆက်ဆံရေးမှာ ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေလျက်ရှိကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး တစ်ဖက်သတ် ဗိုလ် ကျ စိုးမိုးရေးကို ဆန့်ကျင်ကာ အုပ်စုအလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ခုခံ၍ ခေတ်၏ ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံ အများစု၏ ဘုံဆန္ဒများနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အကြား မဟာဗျူဟာ မြောက် ဆက် သွယ်ရေးကို ထိန်းသိမ်းထားပြီး ဆန္ဒချင်း တူညီကာ ယုံကြည်ချက်ချင်းတူညီသည့် နိုင်ငံများ စည်းလုံးညီညွတ်စွာဖြင့် ကမ္ဘာကြီး ဝင်ရိုးစုံ တိုးတက်ခြင်း ဖြစ်စဉ်ကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝမ်ယိ က Kazan ထိပ်သီးအစည်းအဝေးသည် BRICS တိုးချဲ့ပြီးနောက် ပထမဆုံး အကြိမ် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲ ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ BRICS အလှည့်ကျသဘာပတိနိုင်ငံ၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကာ ထိပ်သီးအစည်းအဝေး ပြီးပြည့်စုံအောင်မြင်နိုင်ရန်အတွက် ရုရှားနိုင်ငံအား ဆက်လက် အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ကာ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေး၍ လူသားတို့ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန်အတွက် BRICS အကျိုးပြု စွမ်းဆောင်မှုများကို ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ပူတင် သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ထံသို့ ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်သ ခြင်းနှင့် ဆုမွန်ကောင်းတောင်းခြင်းကို ဝမ်ယိအား တစ်ဆင့်ပြောပြရန် မေတ္တာရပ်ခံခဲ့ရာ လာမည့်လတွင် ကျင်းပမည့် BRICS အဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးသို့ တရုတ်နိုင်ငံမှ တက်ရောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။ ပူတင်က ရုရှား-တရုတ်နှစ်နိုင်ငံတို့သည် တန်းတူရည်တူဖြစ်ပြီး အပြန်အလှန် အကျိုး ရှိစေ သည့် အခြေခံပေါ်တွင် ခေတ်သစ်ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် နက်ရှိုင်းလာစေပြီး အဆင့်ဆင့် ကူးလူးဖလှယ်မှုများ ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားကာ နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ချောမောစွာ တွန်းအားပေးနေလျက်ရှိ ကြောင်း၊ ရုရှားနိုင်ငံမှ BRICS အလှည့်ကျသဘာပတိနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ခြင်း အပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ် နိုင်ငံခြားရေး၏ ရေရှည် အမြော်အမြင်ရှိခြင်းနှင့် လူသားတို့၏ အနာဂတ်ကို မူတည်ခြင်းအား ရုရှားနိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး ပိုမိုများပြားသော ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကို စည်းလုံးညီညွတ်ကာ ကမ္ဘာကြီး ဝင်ရိုးစုံ တိုးတက်ခြင်း ဖြစ်စဉ်အား  တွန်းအားပေး၍ တရားမျှတမှုနှင့် နိုင်ငံတကာဥပဒေ အခြေခံပေါ်တွင် နိုင်ငံတကာစည်းစနစ်ကို ထူထောင်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။
    နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းပြဿနာနှင့်ပတ်သက်ပြီးလည်း အမြင်ချင်းဖလှယ် ခဲ့ကြပါသည်။